Pages

Tuesday, April 15, 2014

အမေသို့... မတောင့်မတနေရတဲ့ဘဝမှာ မြင့်တယ်ဆိုပြီးခုန်ချခဲ့တာ မဟုတ်ခဲ့ပါဘူးအမေ သားအရည်အချင်းတွေ ပျောက်ဆုံးသွားမှာ စိုးရိမ်မိလို့ပါ တချိန်က မာနကိုတံခွန်ထူ ဆတ်ဆတ်ထိမခံခဲ့တဲ့သားက အခုတော့ ဟုတ်ကဲ့ပါခင်ဗျာဆိုတဲ့စကားကို အတွင်တွင်တွင်သုံးတတ်နေခဲ့ပြီအမေ အိမ်ကျယ်ကျယ်ခြံဝန်းမှာ နေသားကျခဲ့တဲ့သားက လေးလှမ်းလောက်ခြေချရင် ပြည့်သွားတဲ့အခန်းလေးထဲမှာ နေတတ်ခဲ့ပြီအမေ လိုချင်တာရှိရင်မရရအောင် ပူဆာဖူးတဲ့သားက အခုတော့ ကိုယ့်ချွေးနည်းစာလေးကို ခြစ်ချုပ်ပြီး စုတတ်နေပြီအမေ ယောက်ျားလေးဖြစ်ပေမယ့် အသားအရည်အလှအပကို ဂရုစိုက်တတ်တဲ့သားက နေပူပူချွေးဒီးဒီးကျ အသားအရည်လေးညိုသွားတာတောင် ငါယောက်ျားဆန်လာပြီလို့ တွေးထင်ပြီး ကျေနပ်နေတတ်ပြီအမေ အမေချက်တဲ့ဟင်းကို ကြေးများတတ်တဲ့သားက ဖြစ်သလိုနဲ့လည်း ရောင့်ရဲတတ်ပြီအမေ ဘောင်းဘီရှည်ကိုမချွတ်တမ်းဝတ် ရှိုးများတတ်တဲ့သားက ပုဆိုးတိုတို အင်္ကျီညစ်ညစ်နဲ့ နေသားကျနေခဲ့ပြီအမေ မဝေးလှတဲ့နေရာသွားတာတောင်မှ ဆိုင်ကယ်လေးကိုစီးသွားတတ်တဲ့သားက ကိုယ့်ခြေအားကိုး လမ်းသွားတတ်ခဲ့ပြီအမေ မိဘကိုခြေစုံမကန်ခဲ့ပေမယ့် ထင်ရာစိုင်းခဲ့တဲ့သားကို မိုက်လိုက်တာသားရယ်လို့အပြစ်မဆိုပဲ ငါ့သားကိုယ့်အားကိုကိုးနိုင်ပြီလို့ တခွန်းတည်းသာ သားအားရှိအောင်ပြောပေးပါလား အမေရယ်

ကောင်မလေးရေ မမေ့နိုင်တာချင်းအတူတူ ဘယ်သူ ဘယ်သူက ပိုနိုင်မှာလဲ သံယောဇဉ်မြစ်ပြင်ကြားက ချစ်ခြင်းဖွဲ့သံစဉ်တွေထွက်တော့ လွမ်းရက်တွေကို ပန်းဖြစ်စေချင်တယ် ဖြူတစ်ကောင်ရဲ့ဆူးတွေလို ခါထုတ်ပြစ်လို့ ရရင် ငါလေ အလွမ်းတွေကို ခါထုတ်ပြစ်ချင်လိုက်တာ ဒါပေမယ့် ပတ်ဝန်းကျင်ကို မထိခိုက်စေချင်လို့  ရင်ထဲမှာပဲ သိမ်းထားပါတယ်

တမ်းတတေး သူ... တိတ်တခိုးစွဲလမ်းရင်းနဲ့ပဲ တဖတ်သတ်အချစ်ရဲ့ နေ့ရက်တွေ ကုန်ဆုံးလာခဲ့ရတာ မရေတွက်နိုင်တဲ့ နာရီမိနစ်တွေအသိပါ ဖြတ်သန်းခဲ့ရတဲ့ တိုးတိတ်ရင်ခုန်သံတွေ မြတ်နိုးခဲ့ရတဲ့ အကြင်နာမျက်ဝန်းတွေ တွယ်တာစွဲလန်းခဲ့ရသမျှသာ နားလည်ခဲ့ပါရင်လေ

Monday, April 14, 2014

အရမ်းလွမ်းတယ်ဆိုတာထက်ပိုပါတယ် ယောင်ရမ်းပြီးတမ်းတတဲ့ညအစဉ်တွေက အိပ်စက်ခြင်းတွေကို နှိပ်စက်နေတော့ ဂယောင်ချောက်ချားနဲ့ အချစ်ဆိုတာများလား ရင်ထဲမှာကိန်းအောင်းနေတာ... "သိပ်ချစ်တယ်" အမြဲတမ်းမင်းရယ်... ...
"အတိတ်ဆိုတာ" မမေ့နိုင်သူတွေအတွက်တော့ ဝေဒနာတွေစုပုံထားတဲ့ ပြတိုက်တခုပါ... "ကောင်မလေးရေ" ရင်ခုန်သံတွေ ကစဉ်ကလျားနဲ့ မင်းငါ့ရင်ထဲကို ဝင်လာခဲ့တယ် အိပ်စက်နေတဲ့ နှလုံးသားတွေ မင်းရှေ့ မှာ ဒူးထောက်ခစားနေကြတယ် မင်းဟာ ငါ့ရဲ့ နွေနတ်သမီးလေးပါ အိပ်မက်ချိုချိုတွေနဲ့ ငါ့ရဲ့ ညတွေမှာ မင်း စိုးမိုးထားတယ် ငါလည်း "အိုမာခယမ်"လောက်တော့ လောဘမကြီးပါဘူး ဝိုင်တစ်ခွက် ပေါင်မုန့်တစ်ချက်မရှိရင်နေ ငါ့ဘေးနားမှာ မင်းရှိနေလို့ အိပ်မက်ဖြစ်သွားခဲ့ရင်တောင် ငါကျေနပ်မဲ့ သူပါ

Wednesday, April 9, 2014

လူ...ချစ်လိုက်ကျတာလည်း အသဲအသန် ကွဲခဲ့ကြတာလဲအဖန်ဖန် အခါခါခဲမှန်ဘူးပေမယ့် အချစ်ကအမှတ်မရှိတဲ့ စာသူငယ်လို ရင်ခုန်ခြင်းတွေက..တကျော်ကျော်ဟစ်အော်နေကြတုန်း လူတွေသာတစ်ယောက်ပြီးတစ်ယောက်ပြောင်းတယ် ပြောတဲ့စကားကမပြောင်းလဲ ? သူ့ကိုသာအချစ်ဆုံး ငါ့ဘဝအတွက် သူကသာနောက်ဆုံးတဲ့ အချစ်ဦးဖြစ်ပေမယ့် အချစ်ဆုံးမဟုတ်သလို အချစ်ဆုံးဖြစ်ပေမယ့် အချစ်ဦးမဟုတ်ပြန်ဘူး ဒါပေမယ့်.... သံယောဇဉ်ကြောင့်တော့ ရူးခဲ့ဘူးတယ် ဆံပင်ဖြူတွေက တပင်စ နှစ်ပင်စ "ဘဝ"က ဇရာကိုပြလာကြပေမယ့် စိတ်ဓါတ်တွေဖြူစင်မလာကြတာခက်တယ်

ညမှာမက်‌တဲ့...အိပ်‌မက်‌ဆိုတာ မျက်‌လုံးနှစ်‌လုံးဖွင့်‌ရင်‌‌ပျောက်‌ကွယ်‌သွား‌ပေမယ့်‌ ဘ၀မှာ...မျက်‌လုံးနှစ်‌လုံးဖွင့်‌ပြီးမက်‌တဲ့အိပ်‌မက်‌ကျ‌တော့ ဒဏ်‌ရာဒါမှမဟုတ်‌... အမှတ်‌တရတခုခု‌တော့ကျန်‌ခဲ့မှာပါ